(အားကစား) မတ် ၁၃
စပိန်လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ချဲလ်ဆီးအသင်းကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်စ် အား ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်စ် ဟာ ချဲလ်ဆီးအသင်းနှင့်အတူ ၂ဝ၂၂-၂၀၂၃ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၉၅ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကလည်း အန်ဇိုဖာနန်ဒက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၈ဝ ရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိကြောင်းသိရပြီး ရီးရဲလ်မက်ဒရစ်အသင်းက နွေရာသီဈေးကွက်အတွင်း အန်ဇို ဖာနန်ဒက်စ် အား ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်ပါတယ်။
#PAN #အားကစား #ရီးရဲလ်မက်ဒရစ်