Adidas နှင့် လီဗာပူးလ်အသင်း တစ်နှစ်ပေါင်သန်း ၆၀ အထက် တန်ကြေး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု


(အားကစား) မတ်လ ၁၁

လီဗာပူးလ်အသင်းက နာမည်ကျော်ဂျာမန်အားကစားအသုံးအဆောင်ကုမ္ပဏီ Adidas နဲ့ ဝတ်စုံစပွန်ဆာ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး တစ်နှစ်ပေါင်သန်း ၆၀ အထက် တန်ကြေးရရှိမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက Nike ဝတ်စုံကို ဝတ်ဆင်နေပြီး လာမယ့်ရာသီမှာ Adidas ဝတ်စုံကို ပြောင်းလဲဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက Adidas နှင့် ၁၉၈၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၀၆ မှ ၂၀၁၂ ခုနှစ်အထိ တစ်ကြိမ် လက်တွဲခဲ့ဖူးပြီး ယခုအခါ တတိယအကြိမ် လက်တွဲခြင်းဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းက Adidas နှင့် ချုပ်ဆိုတဲ့ စာချုပ်သက်တမ်းနှင့် တန်ဖိုးပမာဏကို ဖော်ပြခြင်း မပြုသော်လည်း ဗြိတိန်မီဒီယာများက တစ်နှစ်ပေါင်သန်း ၆၀ အထက်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်အသင်းများထဲမှာ ဝတ်စုံစပွန်ဆာတန်ဖိုး အမြင့်ဆုံးအဖြစ် ရပ်တည်နေတဲ့ အသင်းမှာ မန်ယူအသင်း ဖြစ်ပြီး Adidas နှင့် ချုပ်ဆိုထားသောစာချုပ်အရ တစ်နှစ်ပေါင်သန်း ၉၀ ရရှိနေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN