လာမည့် ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားတွင် အသင်း ၆၄ သင်းအထိတိုးမြှင့်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်စီစဉ်


(အားကစား) မတ်လ ၉

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျင်းပခဲ့သောအစည်းအဝေးတွင် လာမည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၆၄ သင်းထိ တိုးမြှင့်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။

လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ ၄၈ သင်းထိပထမဆုံးအကြိမ် တိုးမြှင့်ထားကာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရန် သေချာနေတာဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖာတီနို က အဆိုပါအစည်းအဝေးတွင် ၎င်းတာဝန်ယူထားသည့် ကိုးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲဝင် အသင်း ၃၂ သင်းမှ ၄၈ သင်း အထိ တိုးမြှင့်ကျင်းပနိုင်ခဲ့ကြောင်း ပြောကြားခဲ့ ပြီးနောက် ဘဏ္ဍာငွေတိုးတက်ရရှိရေး အတွက် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အသင်း ၆၄ သင်းအထိ တိုးမြှင့် ကျင်းပရန် စီစဉ်ထားသလို ပြိုင်ပွဲကျင်းပချိန်ကို ရက်သတ္တခြောက်ပတ်ထိ ကျင်းပရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် အသင်းတိုးမြှင့်ကျင်းပမည့်အစီအစဉ်ကို တရားဝင်ကြေညာခြင်း မရှိသေးသည့်အပြင် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားသည့်နိုင်ငံများက အသင်းတိုးမြှင့်မည့် အစီအစဉ်ကို တုံ့ပြန်မှုမရှိသေးသော်လည်း ဥက္ကဋ္ဌ အင်ဖာတီနို က အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN