(အားကစား) မတ်လ ၈

ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီ အနေနဲ့ အသင်းကစားသမားဘဝ ပြိုင်ပွဲစုံ ပွဲပေါင်း ၃ဝဝ ပြည့်မြောက်သည့် စံချိန်မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကွင်းလယ်ကစားသမားဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းအား နှစ်ဂိုး၊ တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက် ယခုလို ပွဲပေါင်း ၃ဝဝ ပြည့်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီ ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၁၈-၂ဝ၁၉ မှ လက်ရှိ ဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ပွဲပေါင်း ၃ဝဝ ကစားပြီး ၂၉ ဂိုး သွင်းယူကာ ခြေစွမ်းထားနိုင်ခဲ့တာဖြစ် ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဗယ်လ်ဗာဒီ က အခုလို ပွဲပေါင်း ၃ဝဝ ပြည့်မြောက်ခဲ့လို့ အတိုင်းမသိပျော်ရွှင်မိပြီး နောက်ထပ်လည်း အသင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်တွေ ဆက်လက် ရရှိဖို့ကြိုးစားသွားမှာဖြစ်ကြောင်းနဲ့ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ဆုဖလားကိုလည်း သိမ်းပိုက်သွားလိုကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews