(အားကစား) မတ်လ ၈

အင်တာမီလန်အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် အသင်းဂန္ထဝင် ကစားသမား ဆန်ဒရိုမက်ဇိုလာ ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၁၇ ဂိုးအားကျော်ဖြတ်ပြီး သွင်းဂိုး ၁၈ ဂိုး သွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။
တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် အင်တာမီလန် အသင်းက ဖီယင်နုအသင်းအား နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့တဲ့ပွဲစဉ်တွင် အသင်းအတွက် အဖိုးတန် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက် အခုလိုမှတ်တမ်းကောင်း တစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် ဟာ အင်တာမီလန်အသင်းနှင့်အတူ ၂၀၁၈-၂၀၁၉ မှ လက်ရှိဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၃၁၉ ပွဲကစားပြီး ၁၄၆ ဂိုးသွင်းယူကာ ခြေစွမ်း ပြထားနိုင်ခဲ့တာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews