မြန်မာအလုပ်သမား ၂၄ ဦးကို Pilot Project ဖြင့် ရုရှားနိုင်ငံ၌အလုပ်လုပ်ကိုင်ရန်စေလွှတ်


(ပြည်တွင်း) မတ် ၇

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ Vista International Co.,Ltd မှ မြန်မာအလုပ်သမား ၂၄ ဦးကို Pilot Project အနေနဲ့ ရုရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် မတ်လ ၅ ရက်က စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အေဂျင်စီမှ ရုရှားနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd တွင်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင် မြန်မာအလုပ်သမား ၅၄ ဦးအနက် ကနဦး အစီအစဉ်အဖြစ် အလုပ်သမား ၂၄ ဦးကို Pilot Project စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အလုပ်သမား ၂၄ ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်က အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူ စာချုပ်ချုပ်ဆိုပြီးနောက် မတ်လ ၃ ရက်မှာ ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခြင်းများကို တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများ နှင့် အညီ ဆောင်ရွက်ပေးခဲ့ကြကာ မတ်လ ၅ ရက်က ရုရှားနိုင်ငံသို့ စနစ်တကျစေလွှတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့ကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU)လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး MoU လက်မှတ်ရေးထိုးရခြင်းမရှိသေးသော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ Pilot Project ဖြင့် ကျွမ်းကျင်မြန်မာအလုပ်သမားများကို စေလွှတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရန်နှင့် လုပ်ခလစာပိုမို ကောင်းမွန်တဲ့ နိုင်ငံများသို့လုပ်သားစေလွှတ်ခြင်းဖြင့် လုပ်သားဈေးကွက်တိုးချဲ့ရှာဖွေနိုင်ရန်အတွက် အလုပ်သမား ဝန်ကြီးဌာနမှ မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် မြန်မာနိုင်ငံမှ အလုပ်သမားများ အလုပ်အကိုင်အခွင့် အလမ်းအသစ်များရှာဖွေနိုင်ရန်ရှေးရှု၍ ရုရှားနိုင်ငံနှင့် အလုပ်သမားရေးရာများတွင် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN