ထောက်လှမ်းရေးသတင်း အချက်အလက်မျှဝေမှုကို အမေရိကန်ရပ်ဆိုင်း


(နိုင်ငံတကာ) မတ် ၆

ယူကရိန်းစစ်ပွဲအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်မျှဝေမှုအား ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က ထရမ့်အစိုးရအနေဖြင့် ယူကရိန်းနှင့် ပတ်သက်ပြီး ရှုထောင့်အားလုံးကို ခတ္တရပ်ဆိုင်းကာ ပြန်လည်သုံးသပ်နေကြောင်း ဆိုသည်။

အမေရိကန်ထောက်လှမ်းရေးသည် ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းနိုင်ငံတွင်း စစ်ဆင်ရေးစတင်ချိန်မှစပြီး စစ်ရေးဆိုင်ရာ အချက်အလက်များ ယူကရိန်းစစ်တပ်အား တိုက်ရိုက်မျှဝေခဲ့သည်။

ထို့အပြင်အမေရိကန်အနေဖြင့် ယူကရိန်းနိုင်ငံသို့ ပေးပို့နေသည့် စစ်ရေးဆိုင်ရာ အကူအညီများကိုလည်း ရပ်ဆိုင်းထားသည်။

အိမ်ဖြူတော်တွေ့ဆုံပွဲတွင် အချေအတင်ဖြစ်ခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ထရမ့်၏ ဦးဆောင်မှုဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN #