(အားကစား) မတ် ၅
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် ကို စောင့်ကြည့်မှုတွေပြုလုပ်နေတဲ့ ဥရောပထိပ်သီးကလပ်တွေထဲမှာ မန်စီးတီးအသင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဖာဘရီဂတ်စ် ဟာ ကိုမိုအသင်းကို ၂၁ နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေပြိုင်ပွဲကို တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ အင်တာမီလန်၊ မန်စီးတီး နဲ့ အေစီမီလန်အသင်းတို့ဟာ ဖာဘရီဂတ်စ်နဲ့ ကိုမိုအသင်း တို့ရဲ့ အနာဂတ်ကို စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြဂွါဒီယိုလာ ထွက်ခွာသွားနိုင်တဲ့ အခြေအနေရှိနေလို့ ကစားသမားဟောင်း ဖာဘရီဂတ်စ် ရဲ့ နည်းပြအရည်အသွေးကို စိတ်ဝင်စားနေကာ အခုလို စောင့်ကြည့်နေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကိုမိုအသင်းဟာ စီးရီးအေပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။
#PAN #အားကစား