(မှုခင်း) မတ်လ ၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅×၅၆ လမ်းကြား၊ ၂၉×၃၀ လမ်းကြားရှိ နေအိမ်၌ ယနေ့နံနက် ၁၀ နာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်းသည့်ရနရာသို့ မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိူင်ခဲ့ပြီး နံနက်၁၀ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ကိုဝေယံမိုး၏ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း လူမရှိဘဲ ခြင်ဆေးခွေထွန်းထားခဲ့ရာမှ အနီးရှိမွေ့ယာပေါ်သို့ မီးပွားကျကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၂ လုံးမီးစွဲလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်းခြောက်ဆယ်ခန့်၊ အတွင်းပစ္စည်း ဆုံးရှုံးမှုတန်ဖိုး တစ်ဆယ့်ငါးသိန်းခန့် ၊စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ခုနှစ်ဆယ့်ငါးသိန်းကျပ်ဖြစ်ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ကိုဝေယံမိုးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews