(ပြည်တွင်း) ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ခရီးစဥ်ကို မကြာမီရက်ပိုင်းအတွင်း စတင်ဖို့ရှိနေတယ်လို့ နစက ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နစက ဥက္ကဋ္ဌရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်မှာဖြစ်သလို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်သွားမယ်လို့ သတငထုတ်ပြန်ချက်မှာပါရှိပါတယ်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
နစက ဥက္ကဋ္ဌရဲ့ ချစ်ကြည်ရေးခရီးစဉ်မှာ နစကအဖွဲ့ဝင်တွေနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားမယ်လို့ နစက က သတင်းထုတ်ပြန်ထားပါတယ်။
#PAN #နစက #ပူတင် #ရုရှား