(ပြည်တွင်း) ဖေဖော်ဝါရီ ၂၈

နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များသည် ယမန်နေ့ည ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က မြင်းမူမြိုနယ်၊ ဆိပ်သာကျေးရွာအနီး ရောက်ရှိစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်စဥ်တွင် အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅ တောင့်၊ မိုင်းခွဲရီမု ၁ ခု၊ ဆားကစ်ပြား ၁ ခု၊ ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အလားတူ ယင်းနေ့ညနေ ၅ နာရီခန့်က ကလေးမြိုနယ်တွင် နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲများသည် မန်တော်ကျေးရွာအနီး ရောက်ရှိစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့မှုဖြစ်စဥ်တွင် အမ်-၂၂ သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခုတိုအား သိမ်းဆည်းရမိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews