(မှုခင်း) ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာရှိ ကျောင်းထိုင်ဆရာတော်ကြီး ၁ ပါးအား အကြမ်းဖက် PDF အဖွဲ့ က သတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF သောင်းကျန်းသူများသည် ဆားကျင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ၎င်းရွာရှိ”အောင်ချမ်းသာ”ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာကာ ကျောင်းတိုက်ဆရာတော် ဦးနန္ဒိယ၊ သက်တော် ၈၅ ဝါတော်။ ၄၅ ဝါအား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ စျေးဆိုင်အိမ် ၁ လုံးကို မီးရှို့သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့များသည် ငါနှင့်မတူငါ့ရန်သူဟူသော အစွဲကိုအခြေခံကာ ၎င်းတို့နှင့် သဘောထားတိုက်ဆိုင်ခြင်းမရှိသောသူများကို ဒလန်ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး မြေပြင်ရှိ အများပြည်သူများအပါအဝင် ရဟန်းသံဃာတော်တွေကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းများ အကြိမ်ကြိမ်ကျူးလွန်နေကြောင်း မြေပြင်သတင်းများ အရသိရသည်။
Telegram»…
https://t.me/positiveanglenews