မာစီးဒီးစ်ကားသစ်ကို စိတ်တိုင်းကျနေတဲ့ ရပ်ဆဲလ်


(အားကစား) ဖေဖော်ဝါရီ ၂၆

မာစီးဒီးစ်အသင်းဟာ ၂၀၂၅ ဖော်မြူလာဝမ်းရာသီအတွက် အသင်းပြိုင်ကားသစ်ကို တရားဝင်မိတ်ဆက်ခဲ့ပြီး အသင်းကားမောင်းသမား ရပ်ဆဲလ် ကတော့ ပြိုင်ကားသစ်အပေါ် စိတ်တိုင်းကျတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မာစီးဒီးစ် အသင်းရဲ့ ပြိုင်ကားသစ် W16E ဟာ ပြီးခဲ့တဲ့နှစ်ကနဲ့မတူဘဲ အသင်းကို အပြောင်းအလဲတွေ ယူဆောင်ပေးလာလိမ့် မယ်လို့ ရပ်ဆဲလ် က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မာစီးဒီးစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ရာသီမှာ ဂရင်းပရီနိုင်ပွဲ ၄ ပွဲသာ ရယူနိုင်ခဲ့ပြီး ရပ်ဆဲလ်နဲ့ ဟာမီလ်တန်တို့ က ၂ ပွဲစီ နိုင်ပွဲရယူပေးထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မာစီးဒီးစ်အသင်းပြိုင်ကားက အားနည်းချက်တွေ ရှိခဲ့သလို အသင်းလိုက်ရပ်တည်မှုမှာလည်း မက္ကလာရင်၊ ရက်ဘူးလ်နဲ့ ဖာရာရီအသင်းတို့နောက် စတုတ္ထနေရာမှာသာ ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ နောက် ပိုင်း ပြဿနာတွေကို အချိန်မီ မပြင်ဆင်နိုင်ခဲ့ဘဲ အခုနှစ်မှာတော့ အသစ်တစ်ခုကို ဖန်တီးပြီး ဖြေရှင်းနိုင်လိုက်ပြီ ဟုထင်မြင်ကြောင်း ပြိုင်ကားသစ်နဲ့ ပတ်သက်လို့ ရပ်ဆဲလ် က ထင်မြင်ချက်ပေးသွားခဲ့ပါတယ်။

မာစီးဒီးစ်အသင်းဟာ အခုနှစ်မှာ ကားမောင်းသမားအပြောင်းအလဲပြုလုပ်ထားပြီး ဟာမီလ်တန်ရဲ့နေရာမှာ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အန်တို နယ်လီကို အစားထိုးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN