ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူကို PDF များက ပစ်ခတ်သတ်ဖြတ်


(မှုခင်း) ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ၎င်း၏ဇနီးဖြစ်သူဒေါ်မိငယ်တို့ကို ယနေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် PDF များမှ လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ၎င်း၏ဇနီးဖြစ်သူသည် နေအိမ်ဘေးတွင်ရှိနေစဉ် PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများထံမှသိရပါသည်။

PDF အကြမ်းဖက် ၃ ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး အသက်(၄၀)နှစ်ခန့်အရွယ် အင်္ကျီအမဲရောင်တီရှပ်လက်တို၊ ဘောင်းဘီတိုဝတ်ဆင်ထားပြီး ကရင်လူမျိုးပုံစံရှိသူမှ နေအိမ်အတွင်းသို့ဝင်ရောက်လာပြီး လက်နက်ငယ်ဖြင့်(၆)ချက်ခန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PDF အကြမ်းဖက်များ၏ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၏ ယာလက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာ(၁) ချက်၊ ရင်ညွှန့် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက် စုစုပေါင်(၂)ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ၎င်း၏ဇနီးဖြစ်သူ ဒေါ်မိငယ်ထံတွင် မေးစေ့အောက်လည်ပင်း(၁)ချက်၊ ယာလက် မောင်းနှင့် ဘယ်လက်မောင်တို့တွင်(၁)ချက်စီ၊ ဝမ်းဗိုက်ချက်အပေါ်တွင်(၁) ချက် စုစုပေါင်း(၄)ချက်ရရှိခဲ့ကြောင်းသိရသည်။

အုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူအား လာရောက်ပစ်ခတ်သည့် PDF အကြမ်းဖက်အဖွဲ့မှာ မြလေးချောင်ကျေးရွာဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း အကြမ်းဖက်သမားများဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

PAN #PDF #ပေါင်မြို့နယ် #ကျေးရွာအုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ