(မှုခင်း) ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်မှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင် ပြီးခဲ့တဲ့ရက်ပိုင်းက ဓာပြတိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်မှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်ကို အမည်မသိ အမျိုးသား ၁ဦးက စူပါကပ်ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သေနတ်ပြကာ ဓားပြတိုက်မှု မနေ့က ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၁၃ မိနစ်ခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်ကိုင်အမျိုးသားဟာ ကောင်တာမှာ တာဝန်ကျနေတဲ့ ဦး..ကို ခြိမ်းခြောက်ပြီး မြန်မာငွေစက္ကူရောရာငွေ ၁၅၇၀၀၀၀ ကျပ်ခန့်ကို ယူဆောင်ကာ ၅၈လမ်းအတိုင်း မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားတယ်လို့လည်း သတင်းအရင်းအမြစ်ကပြောပါတယ်။
ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက တရားခံအကိုဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေတယ်လို့သိရပါတယ်။
#PAN #မန္တလေး #ဓားပြတိုက်ခံရ