(ပြည်တွင်း) ဖေဖော်ဝါရီ ၁၉

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွမ်ကျိုးပြည်နယ်၏မြို့တော် ဂွေယန်မြို့နှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တို့ကို ပျံသန်းပြေးဆွဲမည့် နိုင်ငံတကာကုန်စည်တင် လေကြောင်းခရီးစဉ်သစ်နှစ်ခုကို ဖေဖော်ဝါရီလ ၁၇ ရက်မှာက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
ဂွေယန်မြို့ရှိ လုံ့ဒုန်ဘော် အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံခန့်ခွဲရေးကိုထိန်းချုပ်သော အော်ပရေတာ Guizhou Civil Aviation Industry Group Co., Ltd ၏အဆိုအရ ထိုခရီးစဉ်များကို Tianjin Air Cargo မှ ဘိုးရင်း ၇၃၇-၈၀၀ အက်ဖ် အမျိုးအစား ကုန်တင်လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။
အဆိုပါလေယာဉ်များနဲ့ အများဆုံး အလေးချိန် ၂၁ တန်တင်ဆောင်နိုင်မှုရှိပြီး သက်ဆိုင်ရာခရီးစဉ်များကို တစ်ပတ်လျှင် လေးကြိမ်မှ ငါးကြိမ် အထိ ပျံသန်းပြေးဆွဲသွားမှာဖြစ်ပါတယ်။
လက်ရှိတွင် ကိုလ်းကတ္တား-ဒေလီ-ကရာချီနှင့် မော်စကိုမြို့များသို့လည်း ပြေးဆွဲနေပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် ကဏန်းနှင့် ငါးရှဉ့်များအပါအဝင် ရေထွက်ကုန်ပစ္စည်းများကို အဓိကပို့ဆောင်ပေးနေပါတယ်။
ပြည်ပ လေကြောင်းခရီးစဉ်များတွင် ဖက်ရှင်ပစ္စည်းများ၊ အထည်အလိပ်၊ ပန်းများ၊ အီလက်ထရွန်နစ်နှင့် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကဲ့သို့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကုန်သွယ်မှု ပိုမို အဆင်ပြေချောမွေ့စေရန်အတွက် ဂွေယန်မြို့ လုံ့ဒုန်ဘော်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ စည်ပင်အကောက်ခွန် အာဏာပိုင်များက သွင်းကုန်နှင့် တင်ပို့သည့်ပို့ကုန် ကုန်ပစ္စည်းနှစ်ခုလုံးအတွက် ၂၄ နာရီပတ်လုံး ဖြတ်သွားနိုင်ခွင့် ရရှိရန် ရှင်းလင်းမှုများကို အမြန်လုပ်ဆောင်ပေးမှာဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews