PDF အဖွဲ့၏ လောင်ဆာဆီတင်ကားများကို လေကြောင်းမှ ပစ်ခတ်ရှင်းလင်း

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ၊ကနီမြို့နယ်မုဌောအရှေ့ရွာ ကုတို့ဆိမ်ကမ်းတွင် PDF အကြမ်းဖက်အဖွဲ့ ၏ လောင်ဆာဆီတင်ယာဉ်များကို တပ်မတော်လေကြောင်းမှ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်အချိန်ခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။

လေကြောင်းမှ တိုက်ခိုက်ရှင်းလင်းခံရခြင်းကြောင့် မုဌောအရှေ့ရွာဆိပ်ကမ်းမှ ဆီကား ၂ စီးနှင့် ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက် PDF အဖွဲ့ဝင် ၇ ဦး ထိမှန်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယ‌နေ့ မွန်းလွဲပိုင်းအချိန် ၁ နာကျော်ခန့်တွင်လည်း အဆိုပါ မုဌောကျေးရွာနှင့်နတ်ကြီးကျေးရွာ ဆိပ်ကမ်းရှိ ဆီသယ်ယာဉ်များကို လေကြောင်းမှ ဆက်လက်ရှင်းလင်းရာ PDF အကြမ်းဖက်များ၏ ဆီသယ်ယာဉ်များ ထပ်မံထိမှန်ပြီး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ပိုင်းတစ်ဦးလည်း ထိမှန်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်သည် အကြမ်းဖက်သမားများစုရုံးအခြေစိုက်ကာ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကြိုးဝိုင်းသစ်တော်မှ အဖိုးတန် ပိတောက်၊ကျွန်းသစ်များကို PDF အဖွဲ့တပ်ရင်းတပ်ဖွဲ့မှူးများကိုယ်တိုင် လွှဝိုင်းသစ်စက်များထောင်၍ နေ့စဉ် ကားအစီးအရေ ရာဂဏန်နီးပါးခုတ်လှဲသယ်ယူနေသော ဒေသတခုဖြစ်ကြောင်း ‌ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

#PAN