(ပြည်တွင်း) ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများမှ ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်က ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမှတ် ၃ ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ စူဌာမဏိ ဟိန္နူဘုရားရှိခိုကျောင်း ထမင်းစားဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်တိရစ္ဆာန်များထိခိုက်မူမရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့ညနေ ၆ နာရီအချိန်ခန့်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများမှ ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီး ၂ လုံးဖြင့်ထပ်မံပစ်ခတ်ခဲ့ရာ အမှတ် ၇ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်တွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မူမရှိကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews