အမေရိကန်စစ်တပ်တိုက်လေယာဉ်တစ်စင်း ပင်လယ်ထဲပျက်ကျ


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၄

အမေရိကန် လေတပ်မှ စစ်တပ် ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဆန်ဒီယေဂို ပင်လယ်အော်အတွင်းသို့ ပျက်ကျခဲ့ကြောင်းသိရသည်။

အဆိုပါဂျက်လေယာဉ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ဆန်ဒီယေဂိုရှိ လေတပ် အခြေစိုက်စခန်းသို့ ဆင်းသတ်ရန် ကြိုးပမ်းစဉ် ပင်လယ်ထဲ ထိုးကျခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ယက်တွင် ပြန့်နှံ့ခဲ့သည့် ရုပ်သံတွင် EA -18G Growler အမျိုးအစား တိုက်လေယာဉ်သည် အရှိန်အဟုန်ဖြင့်ပင်လယ်အတွင်း ထိုးကျခဲ့ခြင်းဖြစ်ပြီး တံငါလှေများနှင့် သင်္ဘာငယ်အချို့က ကယ်ဆယ်ရေးလုပ်ဆောင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့သည်။

စစ်ဘက်ဆိုင်ရာ သတင်းများအရ လေယာဉ်ပေါ်တွင် လိုက်ပါလာသူနှစ်ဦးသည် လေယာဉ်မှ ခုန်ထွက်နိုင်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်းသိရသည်။

လေယာဉ်ပျက်ကျသည့်အခြေအနေနှင့်ပတ်သက်သည့် တိုးတက်ဖြစ်ပေါ်မှုများအား အမေရိကန်လေတပ်မှ တစ်စုံတရာ တရားဝင်ထုတ်ပြန်ခြင်းများမရှိပဲ လေယာဉ်ဆယ်ယူရေး ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

အမေရိကန်သည် ပြီးခဲ့သည့် ရသတ္တပတ်ကလည်း စစ်တပ်၏ Black Hawk ရဟတ်ယာဉ်နှင့် ခရီးသည်တင်လေယာဉ်တို့ ဝါရှင်တန်ဒီစီမြို့တော်အနီးတွင် တိုက်မိခဲ့ပြီး လူပေါင်း ၇၀ နီးပါးသေဆုံးခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN