(မှုခင်း) ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု အရှေ့ပိုင်းတွင် တရုတ်နိုင်ငံသားတစ်ဦး ရောက်ရှိ နေထိုင်နေတယ်ဆိုတဲ့သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်စစ်ဆေးရာ မှန်ကန်တာကြောင့် ဆက်လက်စစ်ဆေးအရေးယူမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မင်္ဂလာဒုံမြို့နယ် သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု အရှေ့ပိုင်း သန္တိသုခလမ်းရှိ အိမ်ပိုင်ရှင် ဒေါ်ကြည်ကြည်မော်ရဲ့ နေအိမ်မှာ တရုတ်နိုင်ငံသားတစ်ဦး ရောက်ရှိတည်းခိုနေတယ်ဆိုတဲ့ သတင်းအရ ဖေဖော်ဝါရီ ၁၃ ရက်မှာ ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Mr Zhou Minghua အမည်ရှိတဲ့ တရုတ်နိုင်ငံသားဟာ ဖေဖော်ဝါရီလ ၁၁ နေ့က မအိဖြူဇင်အမည်နဲ့ အဆိုပါနေအိမ်ကို ငှားရမ်းကာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရောက်ရှိနေထိုင်နေတာဖြစ်ပြီး တည်းခိုနေတာ ၂ ညရှိပြီဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်ကပြောပါတယ်။
တရုတ်နိုင်ငံသား Mr Zhou Minghua ဟာ ရန်ကုန်စက်မှုဇုန် ဇေကမ္ဘာ (၆)လမ်း ၈၇/၈၈ ရှိ Myay Taing Ward Shwe စက်ရုံမှာ အလုပ်လုပ်ကိုင် နေသူဖြစ်ပြီး အဆိုပါတရုတ်နိုင်ငံသားအား ကနဦးစစ်ဆေးချက်အရ သက်တမ်းကုန်နေတဲ့ ဖောင်စီနဲ့ ပတ်စ်ပို့မိတ္တူကိုသာပြသနိုင်သလို ရပ်ကွက်အတွင်း ဧည့်စာရင်းတိုင်ကြား ထားတာမရှိတဲ့အတွက် အိမ်ရှင်အပါဝင် တရုတ်နိုင်ငံသား တွေကို သက်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူထားတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews