ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ် ၄ ခု၌ မိုးအနည်းငယ်ရွာသွန်းနိုင်


(မိုးလေဝသ) ဖေဖော်ဝါရီ ၁၄

တောင်တရုတ်ပင်လယ်ပြင်နှင့် တစ်ဆက်တည်းရှိတဲ့ အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေဖိအား နည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းတွင်နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှတစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်ခန့်အထိရှိတဲ့ မိုးသက် လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးများ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့် သတ်မှတ်ရက်များအတွင်း တနင်္သာရီတိုင်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နေထိုင်သူများ၊ ၎င်းဒေသများရှိ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ပြည်တွင်းရေကြောင်း သွားလာ ကြသူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN