ရာသီမကုန်ခင်မှာပဲ MNL အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်း


(အားကစား) ဖေဖော်ဝါရီ ၁၃

၂၀၂၄-၂၅ ရာသီ MNL ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းက ပွဲစဥ်မကုန်မီမှာပင် အမှတ်ပေးချန်ပီယံဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်ကကစားခဲ့တဲ့ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်း က ISPE အသင်းကို ၅ ဂိုးပြတ် နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပွဲစဉ် ၁၉ ပွဲမှာ ရမှတ် ၅၃ မှတ်နဲ့ လက်ကျန်သုံးပွဲအလိုမှာပဲ ဒုတိယနေရာမှ ရန်ကုန် ယူနိုက်တက်အသင်းကို ၁၁ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။

ရှမ်းယူနိုက်တက်အသင်းက MNL ပြိုင်ပွဲမှာ နောက်ဆုံးငါးရာသီဆက် အပါအဝင် ခြောက်ကြိမ်မြောက် ဗိုလ်စွဲ ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄-၂၅ ရာသီများမှာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN