(မှုခင်း) ဖေဖော်ဝါရီ ၁၃

ပဲခူးဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းအုပ်စု အုပ်ချုပ်ရေးမှူးတို့ ဇနီးမောင်နှံအား ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် မကျီးကွင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဇနီးဒေါ်စန်းစန်းတို့သည် ၎င်းတို့၏နေအိမ်တွင်ရှိနေစည် အကြမ်းဖက် PDF ၄ ဦးတို့ရောက်ရှိလာပြီး သေနတ်ဖြင့် ဝင်ရောက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများပြုလုပ်လျက်ရှိပါသည်။
Telegram»…
https://t.me/positiveanglenews