(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်လမ်းမှတစ်ဆင့် မဲတောဘက်သို့ အကြမ်းဖက် PDF အဖွဲ့များ မောင်းနှင်လာသော Surf ကား ၁ စီးအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့သည် Surf ကားဖြင့် ဆိပ်ခွန်လမ်းမှတစ်ဆင့် မဲတောဘက်သို့ ဆက်ကြေးကောက်ရန်လာဖို့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့များမှ စောင့်စိုင်းနေစဉ် Surf ကားတစ်စီး မောင်းနှင်လာမှုကိုရပ်တန့်စေရာ ကားကိုမရပ်ပဲ မောင်းနှင်ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက် PDF ၄ လောင်း (၃၀ နှစ် – ၃၅ နှစ်ကြား)၊ MA-3 သေနတ် ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၃၇ တောင့်၊ TNLA ယူနီဖောင်း ၄ စုံ၊ Surf ကား ၁ စီးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည။
Telegram»…
https://t.me/positiveanglenews