(မှုခင်း) ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး မင်းဘူး-စကုမြို့နယ်တွင် ဓာတ်ပုံံ၊ ဗီဒီယိုရိုက်ကူးထုတ်လုပ်သူတစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။
မင်းဘူး-စကုမြို့နယ် ကိုင်းတောကြီးရွာအနီး၊ စကု-ဆင်ခေါင်းလမ်းနှင့် တောင်မန်းမြောင်းဘောင်အဆုံရဲ့ အနောက်ဘက် ကိုင်းတောကြီးရွာသွား မြောင်းကူး ပေါင်းတံတားအနီး မြောင်းဘောင်ဘေးတွင် မျက်နှာတွက် ရိုက်နှက်ထားသည့် ဒဏ်ရာအချို့နှင့် လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့ရှိ၍ စိစစ်ကြည့်ရာ စကုမြို့မှ “စိုးရာဇာ” ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးထုတ်လုပ်သူဖြစ်ကြောင်း သိရသည်။
စကုမြို့ စျေးတောင်ဘက်ရှိ “စိုးရာဇာ” ဓာတ်ပုံနှင့် ဗွီဒီယိုဆိုင်မှ ကိုသန်းစိုး ဆိုသူ၏ ရုပ်အလောင်းနှင့်အတူ ဆိုင်ကယ်တစ်စီး ငွေသား ၅၀၀၀ တန် တစ်အုပ်၊ ဖုန်းများလည်းတွေ့ရှိရသည်ဟု ဒေသခံများက ပြောဆိုထားသည်။
“အလောင်းမှာ ညကအသတ်ခံထားရဟန်ရှိသည်ဟု ဒေသခံများကပြောဆိုထားပြီး ၎င်းကို မည်သည့်အတွက် မည်သူကသတ်ဖြတ်ခဲ့သည်ကိုတော့ မသိရှိရကြောင်း ပြောဆိုမှုများရှိနေသည်။
သေဆုံးသူဇနီးမှ ၎င်းသည် စကုမြို့အနောက်ဘက် ပင်လယ်သက်ရွာအလှူအကြို ဗွီဒီယိုရိုက်ထွက်သွားခြင်းဖြစ်ကြောင်းပြောဆိုထားသည်။
Telegram»…
https://t.me/positiveanglenews