(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆

အမေရိကန်နိုင်ငံ၏ တရားမဝင်ရွှေ့ပြောင်းအခြေချသူများအား ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်အဖြစ် အိန္ဒိယနိုင်ငံသား ၁၀၄ ဦးအား ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက စစ်ဘက်လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံမှ ပြည်နယ် ၃ ခုဖြစ်သည့် ဂူဂျာရတ်၊ ပန်ဂျပ်နှင့် မဟာရတ်စ်ထရာ ပြည်နယ်များမှ တရားမဝင်ရွှေ့ပြောင်းလာသူများကို ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြည်နှင်ဒဏ်ပေးမှုသည် သမ္မတထရမ့်လက်ထက်တွင် အကွာအဝေး ခရီးအရှည်ဆုံး ပျံသန်းပို့ဆောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံသားတစ်ဦးက “ပြီးခဲ့သည့် ၇ လခန့်က အမေရိကန်သို့ သွားရောက်ရန် ထွက်ခွာခဲ့ပြီး မိဘပိုင် မြေများအား ရောင်းချကာ ဒေါ်လာ ၆ သောင်းခန့်အကုန်ကျခံ သွားခဲ့ရကြောင်းသိရသည်။
၇ လကြာ အမေရိကန်သို့ ခရီးနှင်ခဲ့သည့် အဆိုပါအမျိုးသားသည် ပြီးခဲ့သည့် ဇန်နဝါရီလမှာပင် ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ် စာရင်းများအရ တစ်နှစ်အတွင်း အမေရိကန်သို့ သွားရောက်သည့် အိန္ဒိယနိုင်ငံသား တစ်သိန်းနီးပါးရှိကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews