အမေရိကန်မှ ပြည်နှင်ဒဏ်ပေးသူများကို လက်ခံမည်ဟု အယ်ဆာဗေဒို သမ္မတကမ်းလှမ်း


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၄

အမေရိကန်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးမည့် ရာဇဝတ်သားများနှင့် မည်သည့်နိုင်ငံသားမဆို လက်ခံရန် အယ်ဆာဗေဒိုသမ္မတက ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

ကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အမေရိကန်မှ ပြည်နှင်ဒဏ်ပေးသည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဗဟိုအမေရိကနိုင်ငံများသို့ သွားရောက်ဆွေးနွေးနေကြောင်းသိရသည်။

အယ်ဆာဗေဒို သမ္မတ ဘူကီလီသည် မာကို ရူဘီယိုနှင့်တွေ့ဆုံစဉ် ယခုလို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

မာကိုရူဘီယိုက “နှစ်နိုင်ငံအတွက် ထူးကဲတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ အယ်ဆာဗေဒိုဟာ ကမ္ဘာမှာ ဘယ်နေရာမှာမှ မကြုံစဖူးဖူးခြားတဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သဘောတူညီချက်ကို သဘောတူလိုက်တယ်”ဟုဆိုသည်။

မည့်သည့်နိုင်ငံမှ ရာဇဝတ်မှုကျူးလွန်သူ မည်သည့်နိုင်ငံမှ ရာဇဝတ်ကောင်ဖြစ်စေ အမေရိကန်ပြည်ထောင်စုသို့ တရားမဝင် ဝင်ရောက်လာသူများအား ၎င်းတို့အကျဉ်းထောင်တွင် လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သဘောတူညီမှုအား အမေရိကန် လူ့အခွင့်အရေးအဖွဲ့များက ဆန့်ကျင်ပြောဆိုခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်သူများအား ကျွဲနွားများကဲ့သို့ ဆက်ဆံကြောင်း ထုတ်ပြန်ခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

PAN