မြဝတီကနေ က​​မ္ဘောဒီယာကိုပြောင်းပြေးတဲ့ ကျားဖြန့်ပစ္စည်းတွေကို ထိုင်းဘက်ကမ်းမှာဖမ်းမိ

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂

မြန်မာထိုင်းနယ်စပ် မြဝတီဘက်ကမ်းကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး ကမ္ဘောဒီးယားနိုင်ငံဘက်ကို လုပ်ငန်းပြောင်းပြေးမယ့် ကျားဖြန်ပစ္စည်းတွေကို ထိုင်းဘက်က ဖမ်းဆီးလိုက်တယ်လို့ တိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ မနေ့က တာ့ခ်ခရိုင်၊ မယ့်ရမတ်ခရိုင်ခွဲ ဘန်သာလိုနဲ့ ဘန်နမ်ဒစ်ဘွန်ဝမ်သွားကားလမ်းပေါ်မှာ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်စပ်လုံခြုံရေး ပူးပေါင်းအဖွဲ့တွေ ကင်းလှည့်နေချိန်အတွင်း မသင်္ကာဖွယ်ရာ ကားတစ်စီးကို ရှာဖွေခဲ့ရာကနေ ခုလိုဖမ်းဆီးရမိတာလိုလည်း ထိုင်းသတင်းတွေကပြောပါတယ်။

မြန်မာ ထိုင်း တရုတ်သုံးနိုင်ငံပူးပေါင်းပြီးကျားဖြန့်တိုက်ဖျက်မှုတွေပြုလုပ်လာတာကြောင့် မြ၀တီဘက်ကနေ ကမ္ဘောဒီးယားနိုင်ငံဘက်ကို လုပ်ငန်းပြောင်းပြေးလာတဲ့ ကျားဖြန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဥ်ကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

မသင်္ကာဖွယ်ရာ တာ့ခ်ခရိုင် လိုင်စင်နံပါတ်ပြားတပ် အဖြူရောင်ကားကို စစ်ဆေးမှုရာက မိုဘိုင်းဖုန်း ၁၂၅၁ လုံး၊ ဆင်းကဒ်များ၊ ကွန်ပျူတာ ၁၉ လုံးနှင့် ကျားဖြန်လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ circuits ၂၇၄ ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

#PAN #ကျားဖြန့် #ထိုင်း #မြဝတီ