(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁

၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်စည်ပြုပွဲကို လက်ခံကျင်းပရေးအတွက် ဂျပန်နိုင်ငံ ဆိုဆာကာမြို့တွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းများ ရေးသားဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲကို အိုဆာကာမြို့ ကမ်းရိုးတွင်း ကမ်းလွန်ရှိ ယူမီရှီမာကျွန်းတုပေါ်၌ ယခုနှစ် ဧပြီလလယ်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။
အိုဆာကာမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲတွင် နိုင်ငံနှင့်ဒေသ ၁၅၈ ခုတို့က ၎င်းတို့၏ ထုတ်ကုန် များကို ပါဝင်ပြသကြမည်ဖြစ်သည်။
လက်ရှိအချိန်တွင် အိုဆာကာမြို့တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲ ပြခန်းများနှင့် အခြားအဆောက်အအုံများကို ယူမီရှီမာကျွန်းတုပေါ်၌ တည်ဆောက်လျက်ရှိသည်။
ယူမီရှီမာကျွန်းတုသည် ဘောလုံးကွင်း ၂၂၀ နှင့်ညီမျှသော အကျယ်အဝန်းရှိသည့် ကျွန်းတုဖြစ်သည်။ ကမ္ဘာ့ ကုန်စည်ပြပွဲများကို ပဲရစ်အခြေစိုက် နိုင်ငံတကာကုန်သွယ်ရေး ပြပွဲများဗျူရိုက ငါးနှစ်လျှင်တစ်ကြိမ် စီစဉ်ကျင်းပလေ့ ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews