လက်ဖက်ရည်သောက်နေသော ပြည်သူတစ်ဦးအား အကြမ်းဖက်သမား ၂ ဦးက သတ်ဖြတ်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာရှိ “စိန်စံပယ်ဦး”လက်ဖက်ရည်ဆိုင်၌ အမျိုးသား ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က ရွာဘိုကျေးရွာရှိ စိန်စံပယ်ဦးလက် ဖက်ရည်ဆိုင်တွင် ဦးထွန်းထွန်း၊ ၅၃ နှစ်၊ (ဘ)ဦးထွန်းကြည်၊ မြို့ကုန်းကျေးရွာ၊စဥ့်ကိုင်မြို့နယ်နေသူသည် လက်ဖက်ရည်ထိုင်‌သောက်နေစဥ် ဆိုင်ကယ် ၁ စီးဖြင့် အမည်မသိအမျိုးသား ၂ ဦးရောက်ရှိလာပြီး ဦးထွန်းထွန်းအား သေနတ်အတိုဖြင့် ၂ ချက်ပစ်ခတ်ကာ မီးသွေးဘုတ်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးထွန်းထွန်းတွင် ဦးခေါင်းနောက်စေ့ ကျည်ဖေါက်ဝင်ဒဏ်ရာ၊နဖူးအထက်ကျည်ဖေါက်ထွက် ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ A-USA AUTO 360 စာတန်းပါ ကျည်ခွံ ၁ ခု၊ THAI ARMS 9 mm စာတန်းပါ ကျည်ခွံ ၁ ခုနှင့် ကျည်ထိပ်ဖူး ၁ ခုတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN