(ပြည်တွင်း) ဖေဖော်ဝါရီ ၁

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလအတွင်း ရောင်းချရမည့် ယူရီးယားမြေသြဇာ ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ထားရှိပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ ရန်ကုန်အထိုင်ဈေးကို သတ်မှတ်ထုတ်ပြန်ရာတွင် တောင်သူများ အဓိကဝယ်ယူသုံးစွဲလျက်ရှိတဲ့ မြေသြဇာ ၃ မျိုးဖြစ်တဲ့ ယူရီးယားမြေသြဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၅,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ(၁၅)ပတ်လည်တစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ (၁၅)ပတ်လည်တစ်အိတ် ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားရှိပါတယ်။
ဒေသအလိုက် သယ်ယူစရိတ်များအပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ကာ ရည်ညွှန်းဈေးနှုန်း များအတိုင်း ရောင်းချခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားထားပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြည်ပမှ ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews