(ပြည်တွင်း) ဇန်နဝါရီ ၃၀

သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာနှင့် ကော့သန်ကျေးရွာတို့တွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့်အတွက် PDF ၁ ဦး သေ PDF ၁ နှင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအနီးရှိ တံတားတစ်စင်းအား ဇန်နဝါရီ ၂၉ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်ခန့်တွင် KNU/PDF အကြမ်းဖက်သမား (၂)ဦးမှ မိုင်းထောင်ဖောက်ခွဲရန် ဆောင်ရွက်နေစဉ် မိုင်းပေါက်ကွဲပြီး ပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမား (၁)ဦး ဒဏ်ရာရရှိ သေဆုံးပြီး ကျန်အကြမ်းဖက်သမား(၁)ဦးမှာ ထွက်ပြေးသွားသည်ဟု ဒေသခံထံမှသိရသည်။

ယင်းပေါက်ကွဲမှုကြောင့် မိုင်းထောင်နေသည့် PDF အကြမ်းဖက်သမား ၁ ဦးမှာ လက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ ဦးခေါင်းမိုင်းစဖောက်ဝင်ဒဏ်ရာဖြင့်သေဆုံးခဲ့သည်ဟုသိရသည်။
ယင်းနေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၈ နာရီခန့်တွင် သထုံမြို့နယ် သထုံ – မော်လမြိုင်အထွက် ကော့သန်ကျေးရွာရှိပွဲခင်းတစ်ခု၏ ဆိုင်ကယ်အပ်နှံရေးနေရာတွင် လက်လုပ် မိုင်းကွဲခဲ့သည့်အတွက် အနီးအနားရှိ အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟုသိ ဒေသခံများထံမှသိရသည်။

Telegram»…
https://t.me/positiveanglenews