ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကားလမ်းပေါ်တွင် ခရီးသည်တင်ယာဥ် ၁ စီးမီးလောင်မှုဖြစ်ပွား


(မှုခင်း) ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပုံကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာအနီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင်အမှတ် ၄၁/၀ တွင် ခရီးသည်ယာဥ် တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ မိတ္ထီလာမြို့နယ်ဘက်သို့ ယာဉ်မောင်း ရဲမင်းစိုး၊ ၄၀ နှစ်၊ (ဘ)ဦးတင်ကြိုင်၊ (၃)လမ်း၊အမှတ်(၄)ရပ်ကွက်၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီးနေသူမောင်းနှင်သော ယာဉ်အမှတ် NPW-7K/5749 HONDINE အမျိုးအစား တော်ဝင်ခရီးသည်တင်ယာဉ်သည် ခရီးသည် ၈ ဦးနှင့် ကုန်များတင်ဆောင်လာပြီး မောင်းနှင်လာစဥ် အဆိုပါနေရာသို့အရောက်တွင် ယာဉ်၏နောက်ခန်းရှိအင်ဂျင်ခန်းမှ ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု​ကြောင့် ယာဉ်နှင့်ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးသွားခဲ့ပြီး ယာဥ်မောင်းနှင့်ခရီးသည်များ ထိခိုက်မှုမရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်ဦးစီးဌာနမှ စိစစ်ဆဲဖြစ်ကြောင်း၊ ယာဥ်မောင်းဖြစ်သူ ရဲမင်းစိုးအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN