ဧကူနဝီသတိမအစည်းအဝေးနှင့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးကျင်းပမည်


(ပြည်တွင်း) ဇန်နဝါရီ ၂၈

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၆ ရက်(၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်မှ ၁၄ ရက်)တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်(၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်နှင့် ၂ ရက်)တို့တွင် ဧကူနဝီသတိမ အစည်းအဝေးကြီး ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများသည် ဖေဖော်ဝါရီလ ၂၂ ရက်(တပို့တွဲ လပြည့်ကျော် ၁၀ ရက်)တို့တွင်လည်းကောင်း၊ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမ အစည်းအဝေး ကို မတ်လ ၂ ရက်မှ ၄ ရက်(တပေါင်းလဆန်း ၄ ရက်မှ ၆ ရက်)တို့တွင် အစည်းအဝေးများကျင်းပသွားမည်ဖြစ်တာကြောင့် နိုင်ငံတော်ဩဝါဒါ ဧရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများသည် မတ်လ ၁ ရက်(တပေါင်းလဆန်း ၃ ရက်)ရက်တွင်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါ နေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်အပ်ပါကြောင်း သာသနာရေးဦးစီး ဌာနမှ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN #သတ္တမအစည်းအဝေး #မရမ်းကုန်းမြို့နယ်