(နိုင်ငံတကာ) ဇန်နဝါရီ ၂၇

ကွန်ဂို ဒီမိုကရက်တစ် ရီပတ်ဘလစ်သမ္မတ နိုင်ငံ အရှေ့ဘက်ရှိ ဂိုမာမြို့ကို M23 အမည်ရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း ကြေညာခဲ့သည်။

လူဦးရေ တစ်သန်းကျော်နေထိုင်သည့် ဂိုမာမြို့သည် ပြီးခဲ့သည့်ရက်ပိုင်းက ထိတွေ့တိုက်ပွဲများကြောင့် သေနတ်သံ ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရကြောင်းသိရသည်။
(DR)ကွန်ဂိုနိုင်ငံခြားရေးဝန်ကြီးက အိမ်နီးခြင်း ရဝမ်ဒါနိုင်ငံက M23 လက်နက်ကိုင်အဖွဲ့အား ထောက်ပံ့ကြောင်း စွပ်စွဲကာ စစ်ကြေညာခဲ့သည်။
ကင်ညာနိုင်ငံက အဆိုပါ ပဋိပက္ခအား ရပ်စဲရန်တောင်းဆိုထားပြီး လာမည့်ရက်အတွင်း အဆိုပါ နှစ်နိုင်ငံမှ အကြီးအကဲများ တွေ့ဆုံဖွယ်ရှိကြောင်းသိရသည်။
ရဝမ်ဒါ တပ်ဖွဲ့ဝင်အချို့သည် ကွန်ဂို ဒီမိုကရက်တစ် ရီပတ်ဘလစ်သမ္မတနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က နောက်ဆုတ်ရန် တောင်းဆိုခဲ့ပြီး M23 လက်နက်ကိုင်အဖွဲ့ကိုလည်း အစ်အခတ်ရပ်စဲရန် တောင်းဆိုထားကြောင်းသိရသည်။
DR ကွန်ဂိုနှင့် ကုလသမဂ္ဂ နှစ်ဘက်လုံးသည် M23 အဖွဲ့အား ရဝမ်ဒါမှ ကျောထောက်နောက်ခံပြုထားကြောင်း ဆိုသော်လည်း ရဝမ်ဒါတာဝန်ရှိသူများက ငြင်းဆိုထားသည်။
Telegram»…
https://t.me/positiveanglenews