(မှုခင်း) ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ဇဇ ၃၃/၃၄ အကွက်မှုးဖြစ်သူအား အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က အောင်သာယာရပ်ကွက်နေသူ ဦးဝင်းဦး(ရာအိမ်မှုး)သည် အောင်ကျော်စိုး ကွမ်းယာဆိုင်၌ ကွမ်းထုပ်ပြီး ခုံတန်း၌ ထိုင်နေစဉ် 110 ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးသည် ၄၅ လမ်းအတိုင်း တောင်မှမြောက်သို့မောင်းလာပြီး ၄၅ လမ်းနှင့် ၁၀၇ လမ်းထောင့် အရောက်တွင် ကွမ်းယာဆိုင် ထိုင်ခုံ၌ ထိုင်နေသည့် ဦးဝင်းဦး၊ ၅၃ နှစ်၊(ဘ)ဦးလှမောင်၊ အိမ်အမှတ်(၈၀)၊ အောင်သာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူအား သေနတ်ဖြင့် ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသူက ပစ်ခတ်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းဦးတွင် ယာဘက်လည်ပင်းမှ ဝဲဘက်လည်ပင်းပေါက်ထွက် ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး၊၎င်းနှင့် အတူထိုင်နေသည့် သူရှိန်ဝင်း(ခ)ပြေကြီးတွင် ယာဘက်ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ထိမှန်ဒဏ်ရာရရှိသူ ၂ ဦးအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဦးဝင်းဦး(အကွက်မှုး)မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး သူရှိန်ထွန်း(ခ)ပြေကြီးမှာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews