ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများခေါ်ယူ


(ပြည်တွင်း) ဇန်နဝါရီ ၉

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ်ရဲ့ အစီအစဉ်နဲ့ ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံ ပညာဌာနတွင်ဖွင့်လှစ်မည့်ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာ များကို နိုင်ငံပိုင် သတင်းစာမှတဆင့် ခေါ်ယူထားပါတယ်။

ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) လျှောက်ထားရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိ ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး 2 Semester + Project 1 Semester (စုစုပေါင်း Semester ၃ ခု) တက်ရောက်ရမည် ဖြစ်ကာ Semester တစ်ခုလျှင် တစ်သိန်းကျပ် (၁၀၀၀၀၀/-) သတ်မှတ်ထားကြောင်း သိရပါတယ်။

အဆိုပါ သင်တန်း ကို နေ့စဉ်တနင်္လာမှ သောကြာ‌နေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ တတ်ရောက်ရမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁၀၀ သတ်မှတ်ထားပါတယ်။

အခန်းအမှတ် -U 203၊ ULB ကွန်ပျူတာသိပ္ပံပညာဌာန၊ ရန်ကုန်တက္ကသိုလ်သို့ ဇန်နဝါရီလ ၁၀ ရက်မှ ၁၇ ရက် အထိ သင်တန်းလျှောက်လွှာလက်ခံမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်မှာ သင်တန်းစတင်ဖွင့်မည်ဖြစ်ကြောင်း သင်တန်းပြီးဆုံးပါက ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာဘွဲ့ (Post-Graduate Diploma in Computer Science-PDCS) ပေးအပ်မည်ဖြစ်ကြောင်း သိရပါတယ်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ရန်ကုန် တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံပညာဌာန (ဖုန်း-၀၉-၅၀၀၇၂၁) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN