(ပြည်တွင်း) ဒီဇင်ဘာ ၂၉
ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြဝတီနှင့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းစဉ်များတွင် အခွန်ပေးဆောင်ရာ၌ လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ MACCS Online Payment System အွန်လိုင်းစနစ်ဖြင့် အခွန်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ ကြေညာချက်အမှတ်(၀၀၆/၂၀၂၄) ထုတ်ပြန်ကြေညာထားပါတယ်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေ ပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment Direct Payment၊ Mobile banking၊ Internet Banking တို့မှတစ်ဆင့် Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန် AYA Bank၊ KBZ Bank၊ CB Bank တို့နှင့် ပူးပေါင်းကာ MACCS Online Payment System ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှစတင်၍ သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် ရန်ကုန်ဧရိယာ၌ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြဝတီ(H)နှင့် တာချီလိတ်(N2) နယ်စပ်ဒေသ များတွင်ပါ အသုံးပြုရန် ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
အဆိုပါ MACCS Online Payment System တွင် မိမိတို့၏ Mobile banking၊ Internet Banking များမှတစ်ဆင့် Payment Statement Information ရရှိပြီးသည့် Import/Export Declaration No. များအား ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်း (Direct Payment)နှင့် MACCS စနစ်ရှိ Deposit Account ထဲသို့ ငွေထပ်မံဖြည့်သွင်းခြင်း (Deposit Addition Only) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
MACCS Online Payment System အသုံးပြုမှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက Help Desk Section ဖုန်းနံပါတ်- ၀၁-၃၇၉၄၂၉(ရုံးချိန်အတွင်း)နှင့် သက်ဆိုင်ရာပုဂ္ဂလိကဘဏ် (AYA Bank ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၇၊ KBZ Bank ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅၊ KBZ Pay Call Center ဖုန်းနံပါတ် ၃၂၁၁၊ CB Bank ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၀) များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews