ပနားမားတူးမြောင်းသည် ပနားမားနိုင်ငံသားတို့၏ ပိုင်နက်ဖြစ်ကြောင်း ပနားမားသမ္မတပြောကြား


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၉

ပနားမားတူးမြောင်းသည် ပနားမားနိုင်ငံနှင့် နိုင်ငံသားတို့၏ ပိုင်နက်ဖြစ်ကြောင်း ပနားမားသမ္မတ ဂျို့စ်ရာအူး မူလီနို က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှု အပေါ် ဒီဇင်ဘာလ ၂၆ ရက်က တုံ့ပြန်ပြောကြားခဲ့သည်။

၁၉၀၃ ခုနှစ်တွင် ပနားမားမြစ်၌ တူးမြောင်းတည်ဆောက်ရန်အတွက် ပနားမားနှင့် အမေရိကန်နှစ်နိုင်ငံ Hay-Bunau-Varilla စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်နှင့် ပူးပေါင်းချိတ်ဆက်ထားသည့် ဖက်ဒရယ်အဖွဲ့အစည်း ဖြစ်သော ပနားမားတူးမြောင်းကော်မရှင်ဟောင်းသည် အမေရိကန်နှင့် စာချုပ်စာတမ်းအများအပြားကို ထပ်မံချုပ်ဆိုခဲ့သည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အမေရိကန်နိုင်ငံက တူးမြောင်းကို ပနားမားနိုင်ငံသို့ အပြည့်အဝ အုပ်ချုပ်ခွင့် ပြန်လည်ပေးအပ်ခဲ့ကြောင်း ပနားမားသမ္မတ မူလီနို က ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် တူးမြောင်းနှင့်ပတ်သက်ပြီး မည်သည့်ကိစ္စကိုမျှ လက်ခံဆွေးနွေးသွားမည်မဟုတ်ကြောင်း သမ္မတ မူလီနို ကဆိုသည်။

အမေရိကန်သင်္ဘောများအတွက် ဖြတ်သန်းခများ လျှော့ချနိုင်ခြေနှင့်ပတ်သက်၍ မည်သည့်အခကြေးငွေကိုမျှ လျှော့ချကောက်ခံသွားမည်မဟုတ်ကြောင်းနှင့် ယင်းသို့ တူးမြောင်းဖြတ်သန်းခ ကောက်ခံ ခြင်းသည် အစိုးရ၏ လုပ်ငန်းစဉ် တစ်ခုသာဖြစ်ကြောင်း သမ္မတ မူလီနို က ဆင်ဟွာသတင်းဌာန၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN