စူးအက်တူးမြောင်းမှ ရရှိသော ဝင်ငွေပမာဏ ယခုနှစ်အတွင်း ၆၀ ရာခိုင်နှုန်းကျော် လျော့ကျ


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၉

အီဂျစ်နိုင်ငံရှိ စူးအက်တူးမြောင်းမှ ရရှိသော ဝင်ငွေပမာဏသည် ၂၀၂၄ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း အီဂျစ်သမ္မတ အယ်လ်စီစီ က ဒီဇင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံသည် ယခုနှစ်အတွင်း စူးအက်တူးမြောင်းမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ဝင်ငွေဆုံးရှုံးခဲ့ကြောင်းနှင့် ပင်လယ်နီနှင့် Bab al-Mandab ရေလက်ကြား၌ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် စိန်ခေါ်မှုများကြောင့် တူးမြောင်း၏ သွားလာမှုလမ်းကြောင်းသာမက ကမ္ဘာ့ကုန်သွယ်မှု ရေရှည်တည်တံ့ရေးကိုပါ ထိခိုက်စေကြောင်း သမ္မတ အယ်လ်စီစီ က စူးအက်တူးမြောင်းအာဏာပိုင် ဥက္ကဋ္ဌ အိုစမာ ရာဘီ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်းဆုံးလမ်းကြောင်းဆိုင်ရာ ဝန်ဆောင်မှုများပေးဆောင်ရေးနှင့် ကမ္ဘာ့ ကုန်သွယ်မှုလမ်းကြောင်းအတွက် မရှိမဖြစ်မဏ္ဍိုင်တစ်ခုအဖြစ် တူးမြောင်း၏အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် အီဂျစ်သမ္မတ အယ်လ်စီစီ က စူးအက်တူးမြောင်းအာဏာပိုင်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

စူးအက်တူးမြောင်းသည် မဟာဗျူဟာကျသော ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး အီဂျစ်နိုင်ငံ၏ အဓိကစီးပွားရေး အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN