(အားကစား) ဒီဇင်ဘာ ၂၉
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ ရာသီဆက် ရရှိထားခဲ့တဲ့ မန်စီးတီးအသင်းဟာ ယခုရာသီမှာ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)အပြီး၌ ၈ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံးကာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
ရလဒ်များဆိုးရွားနေတဲ့အပြင် ဒဏ်ရာရကစားသမားလည်း များပြားနေတဲ့အတွက် ဇန်နဝါရီတွင် ကစားသမားသစ်များ ခေါ်ယူအားဖြည့်ရန် စီစဉ်နေကြောင်း အစောပိုင်း ကတည်းက သတင်းထွက်နေခဲ့ပြီး ယခုအခါ ဂွါဒီယိုလာ က ထပ်မံ အတည်ပြုခဲ့ခြင်းလည်း ဖြစ်ပါတယ်။
အဲဗာတန်နှင့် ပွဲမတိုင်မီနှင့်ပွဲအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာ က ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်သွားဖို့ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews