ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ လက်ခံကျင်းပရန် ဆလိုဗက်ကီးယားအဆိုပြုချက် သမ္မတပူတင် ကြိုဆို


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၈

ယူကရိန်း ငြိမ်းချမ်ရေးဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရေးအတွက် ဆလိုဗက်ကီးယားနိုင်ငံက အဆိုပြုထားမှုအပေါ် ရုရှားသမ္မတ ပူတင် က ဒီဇင်ဘာလ ၂၆ ရက်တွင် ကြိုဆိုစကားပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတ ပူတင် နှင့် ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကို တို့သည် ယခုရက်သတ္တပတ်အတွင်း မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကို က အဆိုပြုခဲ့ကြောင်း သိရသည်။

ဆလိုဗက်ကီးယားနိုင်ငံသည် ကြားနေနိုင်ငံအဖြစ် ရပ်တည်နေသည့်နိုင်ငံဖြစ်ရာ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေး၍ ရနိုင်ကြောင်း ရုရှားသမ္မတ ပူတင် က ဒီဇင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဆလိုဗက်ကီးယားနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း ယူကရိန်းအတွက် စစ်ရေး အကူအညီများအား ဥရောပသမဂ္ဂက ပေးအပ်နေမှုကို အတိအလင်းဆန့်ကျင်ထားသော နိုင်ငံဖြစ်သည်။

ဆလိုဗက်ကီးယား နိုင်ငံသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားနိုင်ငံနှင့်ဆွေးနွေးရေးကို ထောက်ခံသည့်နိုင်ငံဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN