ပြိုင်ဘက် ဂျော့ရှူအာ ကို လှောင်ပြောင်ခဲ့တဲ့ ဒူဘော့စ်


(အားကစား) ဒီဇင်ဘာ ၂၄

ဗြိတိန်လက်ဝှေ့သမား ဂျော့ရှူအာ အနေနဲ့ မကျေပွဲထိုးသတ်ဖို့အတွက် ဒဏ်ရာပြဿနာကို အကြောင်းပြပြီး ရှောင်ပြေးနေတယ်လို့ IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဒူဘော့စ် က လှောင်ပြောင်သွားခဲ့ပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံနှစ်ဦးရဲ့ မကျေပွဲကို ပရိသတ်တွေက စောင့်မျှော်နေခဲ့ကြတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ထိုးသတ်ဖို့စီစဉ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာကြောင့်ဆိုပြီး ဂျော့ရှူအာ ဘက်က ပွဲကိုဖျက်သွားခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ်တွေ့ဆုံမှုအဖြစ် အခုနှစ် စက်တင်ဘာလ အတွင်း ထိုးသတ်ခဲ့ရာမှာ ဒူဘော့စ် က ဂျော့ရှူအာကို ၅ ချီမြောက်မှာအနိုင်ယူပြီး IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကို ဆက်လက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မကျေပွဲထိုးသတ်ဖို့ ဂျော့ရှူအာ ဘက်က ဖျက်သွားခဲ့လို့ ဒူဘော့စ် အနေနဲ့ ချန်ပီယံဆုကာကွယ်ဖို့အတွက် ပြိုင်ဘက်အသစ်ကို ရှာဖွေခဲ့ရပြီး နောက်ဆုံးမှာ ပါကာ နဲ့ ထိုးသတ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ပါကာ နဲ့ ထိုးသတ် ဖို့ သဘောတူညီမှုရခဲ့ပြီးနောက် ဒူဘော့စ် က အခုချိန်ထိ ဒဏ်ရာကိုအကြောင်းပြပြီး ရှောင်ပြေးနေတဲ့ ဂျော့ရှူအာ ကို ရှာလို့မတွေ့သေးပါဘူးဆိုပြီး လှောင်ပြောင်သွားခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN