ထရမ့် က ဂရင်းလန်းကျွန်းကို ဝယ်မည်ဟု ထပ်မံပြောဆိုလာ


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၄

အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မည့် ဒေါ်နယ်ထရမ့် သည် အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လွတ်လပ်စွာသွားလာနိုင်ရေးတို့အတွက် ဂရင်းလန်းကျွန်းကို ဝယ်ယူရန်လိုအပ်သည် ဟု ခံစားနေရကြောင်း ပြောလာသည်ဟုသိရသည်။

ထရမ့် သည် ၂၀၁၉ ခုနှစ်တွင်လည်း အလားတူစကားမျိုးကို ပြောခဲ့ဖူးသောကြောင့် ဂရင်းလန်းကျွန်းကို ဝယ်ယူမည်ဟူသော ယခုပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်လာသည်။

သို့သော် ဂရင်းလန်းကျွန်းသည် ရောင်းကုန်မဟုတ်ကြောင်း၊ မည်သည့်အခါမျှ ကျွန်းကိုရောင်းချသွားမည်မဟုတ် ကြောင်းနှင့် ကာလရှည်ကြာတိုက်ပွဲဝင်နေရသည့် လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါကျွန်း၏ ဝန်ကြီးချုပ်က ပြောထားသည်။

ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်ပေါင်း ၆၀၀ ကျော်ကြာ တည်ရှိနေခဲ့သည့် ကမ္ဘာ့အကြီးဆုံး ကျွန်းဖြစ်သော ဂရင်းလန်းကျွန်းသည် အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသ တို့ကြား အလွန်အရေးပါသည့် မဟာဗျူဟာမြောက်နေရာ တစ်ခုဖြစ်လာသည့်အပြင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးမဟာ ဗျူဟာအတွက် အချက်အချာကျသော နေရာတစ်ခုဖြစ်လာကြောင်း Southern China Morning Post သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN