(နည်းပညာ) ဒီဇင်ဘာ ၈
ဂျပန်သိပ္ပံပညာရှင်များက နေရောင်ခြည်နဲ့ရေကိုသုံးပြီး ဟိုက်ဒရိုဂျင်စွမ်းအင် သို့ပြောင်းလဲပေးမယ့် နည်းပညာတစ်ခု ကိုတီထွင်ဖန်တီးလိုက်ပါတယ်။ ဒီနည်း ပညာက ကုန်ကျစရိတ်လည်း ပိုပြီးသက်သာမယ်။ ပမာဏမှာ အလျှံပယ်လည်းရရှိမယ်။ ရေရှည်တည်တံ့ခိုင်မြဲမှုလည်းရှိစေမှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ စွမ်းအင်ကဏ္ဍအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုအသုံး ပြုလာနိုင်စေဖို့ ကြိုးပမ်းလုပ်ဆောင်နေ တာပါ။ ဒီနေရာမှာ ဟိုက်ဒရိုဂျင်စွမ်းအင် က အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင် နေပါတယ်။
ရေကနေ ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ကိုခွဲထုတ်တဲ့နည်းပညာများစွာရှိပါတယ်။ ဒါပေမဲ့ ရှိနှင့်ပြီးသားနည်းပညာများက စွမ်းအင်သုံးစွဲမှုအလွန်များပြားတာကြောင့် တွက်ခြေမကိုက်တဲ့အခြေအနေရှိပါတယ်။
အခုဂျပန်သိပ္ပံပညာရှင်များ ဖန်တီးတီထွင်လိုက်တဲ့နည်းပညာက ရေကိုဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ဆိုပြီးခွဲထုတ်နိုင်ဖို့ နေရောင်ခြည်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ တကယ်လို့များ နေရောင်ခြည်မရှိတဲ့ညဘက်လိုအချိန်မှာဆိုရင် နေ့ခင်းကတည်းကရရှိတဲ့ နေရောင်ခြည်စွမ်းအင်ကို သိမ်းဆည်းထားခြင်းအားဖြင့် ဟိုက်ဒရိုဂျင်စွမ်းအင်ကို အချိန်မရွေးထုတ်ယူကာ အသုံးပြုနိုင်စေမှာဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ပြောထားပါတယ်။
Telegram»…
https://t.me/positiveanglenews