(ပြည်တွင်း) နိုဝင်ဘာ ၂၉

ပဲမျိုးစုံ၏ အရေးပါသောအခန်းကဏ္ဍများကို ဆွေးနွေးဖော်ထုတ်မည့် ပဲမျိုးစုံဆိုင်ရာဆွေးနွေးပွဲ(၂၀၂၅) (The PULSES CONCLAVE 2025)ကို လာမယ့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအား တက်ရောက်နိုင်ရန် အိန္ဒိယနိုင်ငံ၊ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း(IPGA) မှ ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
အဆိုပါ The PULSES CONCLAVE 2025 ကို အိန္ဒိယနိုင်ငံ၊ ပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA)မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ထိပ်သီးအစည်းအဝေးပွဲများ ကျင်းပရာ နေရာဖြစ်တဲ့ Bharat Mandanpam၊ Pragati Maidan တွင် ကျင်းပသွားမှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှ တက်ရောက် လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပါတယ်။
ဆွေးနွေးပွဲကို “စည်းစိမ်ချမ်းသာအတွက် ပဲမျိုးစုံ-အာဟာရ with Sustainability” ခေါင်းစဉ်ဖြင့် ကျင်းပသွားမှာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးသာယာဝပြော ရေးတို့တွင် ပဲမျိုးစုံ၏အရေးပါတဲ့ အခန်းကဏ္ဍ များနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အထများကို ဆွေးနွေးဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် https://ticketing.chkdin.com/pulse-conclave တွင် မှတ်ပုံတင်နိုင်ပြီး အသေး စိတ်အချက်အလက်များကို သိရှိလိုပါက www.ipga.co.in သို့ ဝင်ရောက်ကြည့်ရှုနိုင်သလို Email-thepulseconclave @ipga.co.in သို့လည်း စုံစမ်းမေးမြန်းနိုင်သည်။
ဒါ့အပြင် မြန်မာနိုင်ငံမှတက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့လည်း မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်းနံပါတ်-၀၆၇၄၀၈၆၂၂ နှင့် Email-event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews