ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများအကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုး သား(၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

(ပြည်တွင်း)နိုဝင်ဘာ ၂၇

     ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား(၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ နိုဝင် ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

       ဖြစ်စဉ်မှာ လူမှုကွန်ယက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည် တောင်း ခံမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြပါရှိမှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိမိ၏အမာခံ သတင်း ပေးများ၊ ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များ၊ နည်းပညာဆိုင်ရာ အထောက် အကူပြုပစ္စည်းများမှ ရရှိသောအချက်အလက်များကိုအခြေခံကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင် ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အမြန်လမ်းမကြီး(Zero)မိုင် တိုးဂိတ်၌ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်း ဒေသကြီးသို့ ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ယာဉ်ပေါ်မှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ် လည်မှုကျူးလွန်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊  ကျောက်စံ ကျေးရွာနေ သက်ပိုင်(ခ)သက်ခိုင်(ခ) ဇော်သက်ပိုင် (၂၃)နှစ်(ဘ)ဦးအေးမင်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ ကန်တော်ကလေး (တောင်)ရပ်ကွက်နေ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ) လင်းမြတ်စံ(ခ)ကိုလင်း(၃၆)နှစ် (ဘ)ဦးတင်ဦးတို့(၂)ဦးနှင့် မသင်္ကာတရားခံများဖြစ်ကြသည့် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(တောင်)ရပ်ကွက်နေ ဘိုဘိုထွန်း (၂၀)နှစ်၊(ဘ)ဦးစိုးထွဋ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ် (ဘ)ဦးမြင့်ဇော်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်နေ စိုးသီဟ(ခ)ဖြိုးသီဟဇော် (၃၂)နှစ်၊(ဘ)ဦးစိုးထွန်း တို့(၅)ဦးအား လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံး၊ နှင်းမောင်မောင်လွင် ၁၂/ထတပ (နိုင်) ၁၄၃၀၆၆၊ အောင်ထိုက် ၁၄/မမက(နိုင်)၃၄၄၆၁၈၊ ဘိုဘိုထွန်း ၇/နတလ(နိုင်)၁၆၉၇၉၈၊ အောင်ဇာနည်ဖြိုး ၁၂/ထတပ(နိုင်) ၁၆၈၅၇၈ နှင့် စိုးသီဟ ၁၂/သလန (နိုင်)၁၀၇၃၄၅ နံပါတ်ပါ နိုင်ငံသားစိစစ်ရေးကတ် ပြား(၅)ခု၊ KBZ Bank MPU ကတ် (၁)ခု၊ AYA Bank MPU ကတ်(၁)ခု၊ YOMA Bank MPU ကတ်(၁)ခု၊ ငွေ (၂၈၀,၀၀၀)ကျပ်၊ စိန်လက်စွပ်(၁)ကွင်း၊ ရွှေဖြင့်ပြုလုပ်ထားသည့် ပီရှူးလက်ပတ်(၁)ခုတို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

       ဖမ်းဆီးရမိတရားခံ သက်ပိုင်(ခ)သက်ခိုင် (ခ) ဇော်သက်ပိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၁)ထိပ်ရှိ အဆောင်တွင် ငှားရမ်းနေထိုင်ခဲ့ပြီး အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ ခရီးသည်ကြိုသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း ထိုသို့လုပ်ကိုင်နေစဉ် ခင်မင်ရင်းနှီးသူ ဦးဟိန်းခန့်နှင့် ပူးပေါင်း၍ နတ်ကနားစီးအလုပ်လုပ်ကိုင်နေစဉ် အဆောင်မှ Jasmine Palace Hotel သို့ ပြောင်းရွှေ့ကာ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ)လင်းမြတ်စံ (ခ)ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုး၊ စိုးသီဟ(ခ) ဖြိုးသီဟဇော် တို့နှင့်အတူနေထိုင်ပြီး ကောက်ယူရရှိထားသည့် အောင်ထိုက်နှင့် နှင်းမောင်မောင်လွင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်များအား ပြုပြင်အသုံးပြု၍ KBZ Pay နှင့် Wave Pay အကောင့်များဖွင့်လှစ်ကာ ဖုန်းအမှတ် ၀၉ ၅ နှင့်စသည့် ဖုန်းနံပါတ်များအား ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများပြုလုပ်ခဲ့ကြသည်။

       လိမ်လည်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ၎င်း၏လက်ကိုင်ဖုန်းအမှတ် ၀၉ ၄၄၇၈၃၆၉၇၈ ဖြင့် လိုက်လံဆက်သွယ်၍ တစ်ဖက်ဖုန်းလက်ခံဖြေကြားသူ၏ သူငယ်ချင်းအဖြစ် အယောင်ဆောင်ပြီး ၎င်းမှာ ကားတိုက်ခံရ၍ ဆေးရုံရောက်နေကြောင်း အရေးပေါ်ခွဲစိတ်ခန်းဝင် ရမည်ဖြစ်၍ ငွေလိုနေသဖြင့် ငွေလွှဲပေးရန်စသည့်ဖြင့် ယုံကြည်အောင်လိမ်လည်ပြောဆိုကာရရှိသည့် ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ စက်တင်ဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ငွေကျပ်(၅၀) သိန်း၊ ဦးတင်အောင်အဖြစ် အယောင် ဆောင်၍ ငွေကျပ်(၅၀)သိန်း၊ ဦးမိုးရွှေအဖြစ် အယောင်ဆောင်၍ ငွေကျပ်(၅၀)သိန်းနှင့် အမည်မမှတ်မိအဖြစ်အယောင်ဆောင်၍ ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ အောက်တိုဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ပထမအကြိမ်ငွေကျပ် (၃၀)သိန်း၊ ဒုတိယအကြိမ် ငွေကျပ်(၂၀) သိန်းတို့အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း ဦးသောင်းဌေးအဖြစ်အယောင်ဆောင်၍ ငွေကျပ် (၇၇)သိန်းနှင့် အမည် မမှတ်မိအဖြစ် အယောင် ဆောင်၍ ငွေကျပ် (၂၅)သိန်းတို့အား လည်း ကောင်း စုစုပေါင်း (၉)ကြိမ် ရရှိငွေကျပ်(၃၁၆) သိန်းအား မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် လိမ်လည်ပြောဆို၍ ၎င်းတို့အသုံးပြုလျက်ရှိသည့် အောင်ထိုက်နှင့် စိုးသူဝင်း အမည်ဖြင့် ဖွင့်လှစ် ထားသည့် KBZ Pay၊ နှင်းမောင်မောင်လွင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် Wave Pay အကောင့်များသို့ လွှဲပြောင်းလက်ခံ ရယူခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။

      ဆက်လက်စစ်ဆေးချက်များအရ ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေး လိမ် လည်မှုများအား သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင် က ဦးဆောင်၍ မိတ်ဆွေသူငယ်ချင်း အဖြစ် ယုံကြည်အောင် အယောင် ဆောင်ပြောဆို လိမ်လည်ခဲ့ခြင်းဖြစ်ပြီး စိုးရာဇာဟိန်း(ခ)အောင်ထိုက် (ခ)လင်းမြတ်စံ(ခ) ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ (ခ)ဖြိုးသီဟဇော်တို့(၄)ဦးမှ အယောင်ဆောင်ဆက်သွယ်၍ လိမ်လည်ရမည့် ဖုန်းနံပါတ်များအား ရှာဖွေစုဆောင်းပေးခြင်း၊ အယောင်ဆောင်ဆက်သွယ်၍ရရှိလာသည့် ငွေကြေးများအားလက်ခံထုတ်ယူရာတွင် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြခြင်းနှင့် လက်ခံရရှိသည့်ငွေကြေးများအား ၎င်းတို့(၅)ဦးမှ ခွဲဝေသုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

       ဖြစ်စဉ်တွင် ဖုန်းဖြင့်ဆက်သွယ်၍ အယောင် ဆောင်ပြောဆိုကာ ငွေကြေးများအကြိမ်ကြိမ် လိမ် လည်ရယူခဲ့သူ သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်ပါ တရားခံ(၅)ဦးအား စမ်းချောင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၄၇၁ /၄၁၉/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN