(နိုင်ငံတကာ) နိုဝင်ဘာ ၂၆
အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဗာတီကန်နန်းတော်မှာ နိုဝင်ဘာလ ၂၅ ရက်ကကျင်းပခဲ့တဲ့ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် IBEC ဆရာတော် တို့တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးကို ထည့်သွင်းဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရေးအပါအဝင် ရုရှား-ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခနှင့် အင်ဒို-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအားပြိုင်မှု၊ မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်အရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးစိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါတယ်။
IBEC ဆရာတော်က ဆွေးနွေးပွဲ တက်ရောက်ရန် Universal Peace Council ရဲ့ အထူးဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၄ ရက်က အီတလီနိုင်ငံ၊ ရောမမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews