သိမ်ဇရပ်တွင် PDF ကိုအရှင် ဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၁၁

မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့များထံမှ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ ၃ ဦးအား နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များမှ လုံခြုံရေးဆောင်ရွက်နေစဥ် နံနက် ၉ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် အဆိုပါအကြမ်းဖက်သမား ၃ ဦးအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကောင်းထက်ကျော်(ခ)ကျော်လေး၊ ထက်အာကာဖြိုး(ခ)အာကာ၊ ခန့်ကိုဇင်(ခ) ကုလား (၃ )ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) အရ အမှုရေးဖွင့်အရေယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကောင်းထက်ကျော်(ခ)ကျော်လေးကို ရှမ်းစုပိုင်း၊ ဇလုပ်ကြီးကျေးရွာ၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူအား စစ်ဆေးမေးမြန်းချက်များအရ ယခုနှစ် အောက်တိုဘာ ၈ ရက်နေ့က အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့မှ ဖွင့်လှစ်သင်ကြားသည့် အကြမ်းဖက် PDF သင်တန်း အမှတ်စဉ် (၃)ကို သင်တန်းသား(၁၇)ဦးဖြင့် တက်ရောက်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်သင်တန်းတွင် ကြံ့ခိုင်ရေး၊ လက်နက်မဲ့စစ်ရေးပြနှင့် တပ်တည်ဆောက်ရေးများအား သင်ကြားခဲ့ရပြီး သင်တန်းတက်‌နေသည့်ကာလအတွင်း ကျန်းမာရေးမကောင်းသဖြင့် ဆေးနားယူနေထိုင်ကာ သီတင်းကျွတ်ကာလအတွင်း ခွင့်ရက်ရရှိသဖြင့် မိဘနေအိမ်သို့ ပြန်လည်ရောက်ရှိနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကောင်းထက်ကျော်(ခ)ကျော်လေးကိုမှာ ထက်အာကာဖြိုး(ခ)အာကာ၊ ခန့်ကိုဇင်(ခ)ကုလားတို့ ၂ ဦးနှင့် ညီအကိုဝမ်းကွဲတော်စပ်ပြီး ၎င်းတို့(၂)ဦးသည် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကောင်းထက်ကျော် (ခ)ကျော်လေးနှင့်အတူ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာမှ သိမ်ဇရပ်မြို့ရှိ မြသိန်းတန်ဘုရားသို့ ဘုရားဖူးရန် ရောက်ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

#PAN