ကန့်ဘလူမြို့နယ် ပြည်သူစစ်တပ်ဖွဲ့ဝင်များ အင်အားတိုးပွားလာပြီး နယ်မြေတည်ငြိမ်ရေးနှင့် တပ်မတော်၏ ဦးဆောင်မှုအောက်၌ အများအပြား ပါဝင်ထမ်းဆောင်လျှက်ရှိလာ


(ပြည်တွင်း) အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူဒေသရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အင်အားကောင်းမွန်လာပြီး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။

ကန့်ဘလူဗျူဟာမှူးကြီး၏ အမိန့်တစ်ခုအောက်တွင် စစ်ရေးရည်မှန်းချက်များကို တသွေမတိမ်းလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်၏ရည်မှန်းချက် တပ်မတော်၏လမ်းစဉ်အတိုင်း ပေးအပ်သည့်တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နေသည့် တပ်မတော်၏ အရန်အင်အားဖြစ်ကြောင်းလည်း သိရှိသည်။

ပြည်သူ့စစ်ဦးဆောင် နာယကဆရာတော် ဦးဝါသဝ (၅၅၀ဆရာတော်)၏အဆုံးအမ ဩဝါဒနှင့် လမ်းညွှန်ချက်ကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လေးစားလိုက်နာကျင့်သုံးပြီး “တရားတစ်ဖက်၊ ဓားတစ်ဖက်ဖြင့် တရားလည်းသိ၊ ဓားလည်းရှိ” ဆိုသည့်အတိုင်း မိမိနယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် တာဝန်သိသိဆောင်ရွက်နေသော ပြည်သူစစ်တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူစစ်တပ်ဖွဲ့ကို ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းထားပြီး တပ်မတော်၏ အာဏာစက်နှင့် (၅၅၀ ဆရာတော်)၏ ဓမ္မစက် စည်းကမ်းကောင်းမွန်စွာဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်ကြောင်း သိရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN